၃ လအတွင်း မိုးကြီးပြီး လေပြင်း တိုက်ခိုက်နိုင်ကြောင်း လူကယ်ပြန်ဝန်ကြီးဌာန သတိပေး


2017.03.01

မတ်၊ ဧပြီနဲ့ မေလတွေမှာ လေပြင်းတိုက်ခတ်မှုတွေ၊ မိုးကြီးတာတွေ ရှိနိုင်တဲ့အတွက် နေအိမ် အဆောက်အဦးတွေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာတွေကြောင့် မြို့နယ်ပေါင်း ၅၉ မြို့နယ်က လူဦးရေ တစ်သိန်းခွဲခန့် ဘေးဒုက္ခကြုံခဲ့ရပြီး ၄၄ ဦးသေဆုံးခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လေပြင်းတိုက်ခတ်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းသက်သာစေဖို့အတွက် နေအိမ်အဆောက် အဦးတွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးဖို့၊ အဆောက်အဦးအနီးအနားမှာရှိတဲ့ သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းထားဖို့၊ ကွင်းပြင်တွေထဲ သွားလာနေထိုင်တာ မပြုဖို့၊ မိုးကြီးနေစဉ်နဲ့ လျှပ်စီးလက်နေချိန်တွေမှာ တယ်လီဖုန်းအသုံးပြု တာ ရှောင်ရှားဖို့၊ သစ်ပင်၊ ဓာတ်တိုင်နဲ့ သံသတ္တုပစ္စည်းတွေအနီးမှာ မနေဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် လေပြင်းအန္တရာယ်အပြင် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာတဲ့အခါ အရေးပေါ် ကယ်ဆယ်ရေးဆောင် ရွက်နိုင်အောင် ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေကိုလည်း ထည့်သွင်းကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် မတ်၊ ဧပြီနဲ့ မေလတွေမှာ မိုးကြီးတာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ လေပြင်းတိုက်ခတ် တာတွေ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း အသိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။