နိုင်ငံရေး လှုပ်ရှားမှုတွေ တရားဝင် ဆောင်ရွက်နိုင်ရေး အတွက် ပါတီကို ပြန်ပြီး မှတ်ပုံတင်ဖို့ ဆုံးဖြတ်တာ ဖြစ်ပြီး စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဖို့ အချိန်မ လုံလောက်တဲ့ အတွက် ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ SNLD က ပါဝင်မှာ မဟုတ်ကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းတာတွေ ပြီးဆုံးအောင် စောင့်ဆိုင်းပြီးမှ ဒီလကုန်လောက် SNLD ပါတီ မှတ်ပုံတင်ရေး ကိစ္စကို ဆောင်ရွက်သွားမယ်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြီးရင် ဒုတိယ မဲအများဆုံး အနိုင်ရတဲ့ SNLD ပါတီဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
0:00 / 0:00