ရှမ်းပါတီနှစ်ခုပူးပေါင်းရေး သဘောတူကြောင်း ကျားဖြူပါတီ ကြေညာချက်ထုတ်

ကျားခေါင်းလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ကျားဖြူလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီ နှစ်ပါတီပူးပေါင်းရေးလုပ်ငန်းတွေပြန်စဖို့ SNDP ဖက်ကသဘောတူကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

SNDP-ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံကို တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် ကျင်းပစဉ်

ကျားခေါင်းလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ကျားဖြူလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီ နှစ်ပါတီပူးပေါင်းရေးလုပ်ငန်းတွေပြန်စဖို့ SNDP ဖက်ကသဘောတူကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နှစ်ပါတီပူးပေါင်းရေးနဲ့ပတ်သက်ပြီး အဆိုပြုချက်ကို သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ထံပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က တင်ပြထားတယ်လို့ SNDP ပါတီရဲ့ ဒုတိယဥက္ကဌ ဦးစိုင်းလှကျော် က ပြောပါတယ်။

"ရဟန်းသံဃာပြည်သူတွေကလည်း အမြဲတမ်းတောင်းဆိုနေတာ ပေါင်းစည်းဖို့။ ပြည်သူတွေကလည်း လက်မှတ်ရေးထိုးပြီး ပေးပို့ထားတာတွေလည်းရှိတာပေါ့။ အဲတော့ ကျနော်တို့က ဒီအချိန်က ဒီလောက် ကြီးတောင်းဆိုနေတာက တုံ့ပြန်သင့်ပြီဆိုတဲ့ကိစ္စနဲ့ အဆိုပြုတင်ပြခြင်းဖြစ်ပါတယ်။ ကျနော်တို့က အဆိုတင် ထားတယ်။ တဖက်က ကျနော်တို့ကို တရားဝင်တုံ့ပြန်လာတာ မရှိသေးဘူး။ သို့တည်းမဟုတ် CSSU က ကျနော်တို့ကို ခေါ်ယူပြီး လမ်းညွှန်မှုပေးတာမရှိသေးဘူးဆိုတော့ ကျနော်တို့ အနေနဲ့က အချိန်စောင့် ချင်သေးတာပေါ့ဗျာ"

ကျားဖြူပါတီရဲ့ အဆိုပြုချက်ကို တရားဝင် လက်ခံရရှိတာမရှိသေးဘူးလို့ ကျားခေါင်းပါတီရဲ့ အထွေထွေအတွင်းရေး မှူး ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

"ဖေ့ဘွတ်မှာပဲတွေ့တယ်။ CSSU ကလည်း ဘာမှမပြောသေးဘူး။ ကျားဖြူကတော့ ကျနော်တို့ကို တိုက်ရိုက် ဘာမှမပြောဘူး။ အဲဒီတော့ ကျနော်တို့တော့ ဘာမှမစဉ်းစားသေးဘူး။ ပေါင်းစည်းရေးကော်မတီ နှစ်ဖက်လုံးမှာရှိတယ်။ အမှန်ကတော့ ပေါင်းစည်းမယ်ဆိုရင် အဲဒီကော်မတီတွေပြန်ပြီးတော့ အစည်းဝေးပြန်ခေါ်ဖို့ပဲရှိတယ်။ အခုက ဘာကြောင့် CSSU ကို အဲလိုစာသွားရေးတယ်လို့တော့ မသိဘူး"

ကျားဖြူပါတီက သျှမ်းပြည်ညီညွတ်ရေးကော်မတီထံ ပေးပို့တဲ့အဆိုပြုချက်မှာ နှစ်ပါတီပူးပေါင်းရေးကိစ္စအတွက် ကျားဖြူပါတီဘက်က လက်ခံသဘောတူကြောင်း၊ SNLD ဘက်က အချိန်ကြန့်ကြာတဲ့အထိ အကြောင်းပြန် ကြားတာမရှိရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပါတီ ၂ ခုအနေနဲ့ မဲဆန္ဒနယ်မြေခွဲခြားပြီး ရွေးကောက်ပွဲဝင်ဖို့ စတဲ့အချက်တွေကို ထည့်သွင်းတင်ပြထားပါတယ်။

မဲဆန္ဒနယ်မြေခွဲပြီး ရွေးကောက်ပွဲဝင်တာမျိုး ဒါမှမဟုတ် မြို့နယ်ခွဲခြားပြီး ရွေးကောက်ပွဲဝင်တာမျိုးနဲ့ ပါတီနှစ်ခု ပူးပေါင်းပြီး ရှမ်းပါတီတစ်ခုတည်းအမည်နဲ့ ရွေးကောက်ပွဲဝင်ဖို့ SNDP ဖက်က အဆိုပြုထားတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ရှမ်းပါတီ ၂ ပါတီပူးပေါင်းရေး လုပ်ဆောင်ခဲ့တာတွေရှိခဲ့ပေမယ့် ပြီးပြတ်တဲ့ အနေအထား မရသေးဘဲ လက်ရှိမှာ သီးခြားစီရပ်တည်နေတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီရဲ့ ပဉ္စမအကြိမ်မြောက် ပါတီညီလာခံ သဘောထားထုတ်ပြန်ချက်မှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ခုနှစ် သက်တမ်းအတွင်း ကျားဖြူပါတီဟာပါတီကို ဖျက်သိမ်းတာ၊ ပါတီရဲ့အခြေခံမူဝါဒတွေကို ပြုပြင်တာ၊ အခြားပါတီနဲ့ ပူးပေါင်းတာတွေ ကျင့်သုံးမှာမဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org