ကျောင်းပေါင်းစုံ ပညာရေးသပိတ်အဖွဲ့ဝင် ခြောက်ယောက် အဖမ်းခံရ

2021.10.31
ကျောင်းပေါင်းစုံ ပညာရေးသပိတ်အဖွဲ့ဝင် ခြောက်ယောက် အဖမ်းခံရ မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကို တွေ့ရစဉ်
Photo: CJ

မန္တလေးမြို့ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းက လူငယ် ခြောက်ယောက်ကို စစ်ကောင်စီ တပ်တွေက အောက်တိုဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

သူတို့ ခြောက်ယောက်ကို မနေ့က ည ၁၀ နာရီအချိန်၊ မန္တလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာလို့ အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီက အမည်မဖော်လိုသူ တစ်ယောက်က RFA ကို ပြောပါတယ်။

ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်း၊ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင် အဖွဲ့ဝင်ဟောင်း ကိုနောင်ထက်အောင်၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကိုရန်စိုးပိုင်၊ အခြေခံ ပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီက ဒေါ်သက်ဆုလှိုင်၊ ဦးနိုင်းသီဟကျော်နဲ့ တခြား အမည်မသိရသေးတဲ့ နှစ်ယောက်တို့ ပါဝင်တယ်လို့ ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ အခြေခံပညာရေးဝန်ထမ်းများ အထွေထွေ သပိတ်ကော်မတီတို့က အသီးသီး သတင်းထုတ်ပြန်ထားကြ ပါတယ်။

ဖမ်းဆီးခံရလိုက်သူတွေကို စစ်ကောင်စီတပ်တွေက ဘယ်နေရာမှာ ဖမ်းဆီးထားမှန်း မသိရှိရသေးသလို အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂ တွေနဲ့ သပိတ်ကော်မတီတို့က ထုတ်ပြန်ထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။