တရုတ်သံရုံးရှေ့ ချီတက်ဆန္ဒပြသူ ၆ ဦးကို ထောင်ဒဏ်တွေ ချမှတ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနစ်က ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းက တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက် ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို အလုံမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ ပါတယ်။

ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို ပုဒ်မ ၁၈ နဲ့ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၁ ရက်နေ့က ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့ပါတယ်။ photo: RFA/ Kya Htoon Naing

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနစ်က ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းက တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို အလုံမြို့နယ်တရားရုံးက ဒီကနေ့ ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ပါတယ်။

တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခံထားရသူတွေဖြစ်တဲ့ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုအောင်မျိုးဦး၊ ကိုစိုးမိုးထွန်း၊ ကိုမြင့်ကျော်နဲ့ မသန္တာတို့ ၆ ဦး ကို အလုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့တာပါ။

မနေ့ကလည်း ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခံထားရသူ ၆ ဦးကို ကြည့်မြင်တိုင်မြို့နယ်တရာရုံးက ထောင်ဒဏ် တစ်လချမှတ်ခဲ့ပြီး အဲ့ဒီထောင်ဒဏ်တစ်လကိုပဲကျခံဖို့ အလုံမြို့နယ်တရားရုံးက ဆုံးဖြတ်ခဲ့တာလို့ တရားစွဲဆိုခံထားရသူတစ်ဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်းရဲ့ဖခင် ဦးဇော်ဇော်မင်းက RFA ကိုပြောပါတယ်။

“ဒီနေ့က အလုပ်နဲ့ထောင်ဒဏ် တစ်လပဲ၊ ဒါပေမယ့် အလုံမြို့နယ်က မနေ့ကချမှတ်လိုက်တဲ့ ကြည့်မြင်တိုင်ရုံးနဲ့ တစ်ပေါင်းတည်း ခံစားစေဆိုပြီးတော့ အမိန့်ချတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်တွေ ပေးထားပြီးသားလေ၊ သဘောထားမတူတဲ့လူတွေ နောက်ပြီး တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မ ၁၈ ဆိုတာက နှိပ်ကွပ်ဖို့ထားတဲ့ဥပဒေဖြစ်နေတယ်”

ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို ကြည့်မြင်တိုင်မြို့နယ်နဲ့ အလုံမြို့နယ်တွေအပြင် စမ်းချောင်းမြို့နယ်မှာလည်း တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပါတယ်။ စမ်းချောင်းမြို့နယ်မှာ စွဲဆိုထားတဲ့အမှုကိုတော့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org