စစ်တွေက သံဃာထုရဲ့ ဆန္ဒဖေါ်ထုတ်ပွဲ

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းတွေ ဖြိုခွင်းရာမှာ ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေ အတွက် ဆုတောင်းပွဲတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး ရင်ပြင်တော်မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။

စစ်တွေမြို့က သံဃာတော်များ စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရင်ပြင်တော်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ဆန္ဒထုတ်ဖော်နေစဉ်။ Photo:RFA/Min Thein Aung

ဆန္ဒပြသံဃာတော်တွေက အချက် ၅ ချက်ပါတဲ့ သဘောထား ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ကိုယ်ကျိုးမဖက်အများအတွက် အနစ်နာခံပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို အကြမ်းဖက်ဖြိုခွင်းတာဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်က သွေဖယ်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ လုပ်ရပ်မျိုးမဟုတ်တဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း၊ ဒါ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့အတွက် ဖမ်းဆီးချုပ်နှောင်ခံထားသူတွေကို အကြွင်းမဲ့ ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီအစိုးရပီသစွာနဲ့ အများပြည်သူတွေရဲ့ ဆန္ဒမပါဘဲ ပြုလုပ်တဲ့စီမံကိန်းတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ရပ်တန့်ပေးဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို လိုအပ်တာထက်ပိုပြီး အင်အားသုံး အကြမ်းဖက်ဖြိုခွင်း နှိမ်နင်းခဲ့တဲ့သူတွေကို တရားဥပဒေနဲ့အညီ စီစစ်ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org