ရွှေတိဂုံစေတီတော် ရွှေ သင်္ကန်းတွေ အရည်အသွေး မမီတဲ့ကိစ္စ စုံစမ်း အရေးယူမယ်

ရွှေတိဂုံစေတီတော်မှာ ကပ်လှူထား တဲ့ ရွှေပြားတစ်ချို့မှာ ပဏာမစစ်ဆေးခဲ့ ရာမှာ အရည်အသွေး မမီတာတွေကို တွေ့ရှိခဲ့တဲ့အတွက် ပညာရှင်တွေနဲ့ ထပ်မံစစ်ဆေးပြီး သက်ဆိုင်ရာ ယခင် ကန်ထရိုက်လုပ်ငန်းရှင်တွေကို အရေးယူသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာထုတ်ပြန် ထားပါတယ်။

ရွှေတိဂုံစေတီတော်ကို တွေ့ရစဉ် Photo: RFA

ရွှေတိဂုံစေတီတော်မှာ ကပ်လှူထားတဲ့ ရွှေပြားတစ်ချို့မှာ ပဏာမစစ်ဆေးခဲ့ရာမှာ အရည်အသွေးမမီတာတွေ ကို တွေ့ရှိခဲ့တဲ့အတွက် ပညာရှင်တွေနဲ့ ထပ်မံစစ်ဆေးပြီး သက်ဆိုင်ရာ ယခင်ကန်ထရိုက်လုပ်ငန်းရှင်တွေကို အရေးယူသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာထုတ်ပြန်ထားပါတယ်။

လာမယ့် ၂၀၁၇ ခုနှစ်မှာ စေတီတော်ကြီးကို ဝါးငြမ်းတွေထိုးပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်တွင်း/ပြည်ပဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးဌာနခွဲ (သာသနာရေး) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

"ကျနော်တို့က ၂၀၁၇ မှာ ဝါးငြမ်းတွေထိုးပါမယ်၊ ဝါးငြမ်းထိုးဖို့က ၂၀၁၈ မှ စရမှာ ဒါပေမဲ့ အဲဒါတွေပြုပြင် ချင်တဲ့အတွက် ၂၀၁၇ မှာစပြီးထိုးပါမယ်၊ ပြီးရင် ကျနော်တို့ သေချာစစ်ဆေးပါ့မယ်၊ နောင်ကျရင် ကျနော်တို့က ၁ ပေပတ်လည်မှာ ၆ ကျပ်သားကပ်နိုင်အောင် ရည်ရွယ်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

အဲ့လိုဝါးငြမ်းဆင်မယ်ဆိုရင် ဝါးတန်ဖိုးနဲ့ လုပ်အားခ စုစုပေါင်းငွေကျပ် သိန်း ၄၀၀ ကျော် ကုန်ကျမှာဖြစ်ပြီး အချိန် ၂ လကြာမြင့်မှာ ဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော်ကြီးကို ရွှေစင်ရွှေပြားကပ်လှူရာမှာ အောက်ခံ ၁ ပေပတ်လည် ကြေးပြားပေါ်မှာ ရွှေစင် ၆ ကျပ် သားတွေရှိသလို ရွှေစင် ၁ ကျပ်သားရှိတာတွေကိုလည်း လေ့လာတွေ့ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ရွှေစင် ၁ ကျပ်သားသာပါတဲ့ Gold Plate တွေရှိနေတဲ့အတွက် ရာသီဥတု၊ သဘာဝဘေးဒဏ်တွေနဲ့ ငှက်တွေထိုးဆိတ်တာတွေကြောင့် ပျက်စီးတာတွေ ရှိနေတယ်ဆိုတာကို စစ်ဆေးတွေ့ရှိထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နောက်ပိုင်းမှာ ကန်ထရိုက်ယူမယ့်သူတွေအနေနဲ့ ရွှေစင် ၆ ကျပ်သားပါတဲ့ Gold Plate တွေကိုသာ ကပ်လှူပူဇော် ရမှာဖြစ်ပြီး မလိုက်နာပါက အရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org