HIV ဝေဒနာသည်တွေကို လှူဒါန်းဖို့ ဈေးရောင်းပွဲ

ရန်ကုန်မြို့က ခေတ်မီ ဖိနပ်ဆိုင်ဖြစ်တဲ့ SHOE GALLERY က NLD မဖြူဖြူသင်းတို့ရဲ့ HIV/AIDS ဝေဒနာသည်တွေနဲ့ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံက ဝေဒနာသည်တွေကို လှူဒါန်းဖို့ ဈေးရောင်းပွဲတခုကို ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲဒီ ဈေးရောင်းပွဲတွေကို Excel Shopping Mall နဲ့ Junction 8 ကုန်တိုက်ကြီးတွေထဲက SHOE GALLERY ဆိုင်ခွဲတွေမှာ ပြုလုပ်မှာပါ။

အဲဒီ ရံပုံငွေဈေးရောင်းပွဲမှာ ဖိနပ်မျိုးစုံ ရောင်းချမှာဖြစ်ပြီး ရလာမယ့် အမြတ်အစွန်းအားလုံးကို လူနာတွေအတွက် လှူဒါန်းမှာ ဖြစ်ပါတယ်။ ဒီလိုပွဲကို SHOE GALLERY ဖိနပ်ဆိုင်က နှစ်စဉ် ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org