မတူပီမြို့ ရဲစခန်းနဲ့ ‌ထွေအုပ်ရုံးကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ

RFA Burmese
2024.06.14
မတူပီမြို့ ရဲစခန်းနဲ့ ‌ထွေအုပ်ရုံးကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ ချင်းပြည်နယ် မတူပီမြို့ကို တွေ့ရစဉ်။
Zalen

ချင်းပြည်နယ်၊ မတူပီမြို့ ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတွေကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူထားနိုင်ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၄ ရက်နေ့မှာ ပြောပါတယ်။

လက်ရှိမှာ မတူပီအခြေစိုက် ခလရ (၃၀၄) တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူသုံးပြီးအပြင်းအထန်ခုခံနေတယ်လို့ ချင်းကာကွယ်ရေးတပ်-CDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

"အခုက ကျွန်တော်တို့ဘက်က ထွေအုပ်ရုံးနဲ့ ရဲစခန်းကို သိမ်းထားတယ်။ ဒါပေမဲ့ လေကြောင်းတွေနဲ့ လာပစ်တော့ အခြေအနေကို စောင့်ကြည့်ရတယ်။ အခုဆက်ပြီးတော့ ခလရ (၃၀၄) ကို တိုက်နေတယ်"

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဘက်က CDF - မတူပီ တပ်မဟာ (၁)၊ ချင်းညီနောင်အဖွဲ့၊ ရက္ခိုင့်တပ်တော် (AA) နဲ့ မကွေးတိုင်းအခြေစိုက် Yaw Army စတဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က နှာရိန်၊ ဟားခါးမြို့နယ်က ဆူခွာ၊ ဖလမ်းမြို့နယ်က ဝေဘူလ၊ ရိဒ်ခေါဒါရ်နဲ့ မင်းတပ်မြို့နယ်က မကွီးအိမ်နူး၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ စတဲ့မြို့တွေကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။