CSSU အစည်းအဝေးကို ငြိမ်းချမ်းရေးကော်မရှင် တားမြစ်
2018.08.27
ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က တောင်ကြီးမြို့မှာ စက်တင်ဘာလဆန်း ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို မပြုလုပ်ဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က တားမြစ်ပိတ်ပင်လိုက်ပါတယ်။
ကော်မတီအလှည့် ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကျားဖြူပါတီ ဦးစိုင်းအိုက်ပေါင်းကို သြဂုတ်လ ၂၇ ရက်နေ့မှာ တယ်လီဖုန်းဆက်ပြီး ပြောဆိုတားမြစ်တာလို့ SNLD ပါတီအတွင်းရေးမှူး စိုင်းကျော်ညွန့်က RFA ကို ပြောပါတယ်။
ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU မှာ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရှမ်းတိုင်းရင်းသား များပါတီ SNDP၊ နဲ့ အရပ်ဖက်လူငယ်အဖွဲ့တွေအပြင်၊ RCSS ရှမ်းမြောက်တပ်မတော်နဲ့ SSA ရှမ်းတောင်ပိုင်း တပ်မတော်ကကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ ဒီအဖွဲ့ရဲ့ အစည်းအဝေးတွေကို အရင်ကလဲ ပြည်တွင်းမှာရော ပြည်ပမှာ ကျင်းပတာကို တားမြစ်တဲ့ဖြစ်ရပ်တွေရှိခဲ့ ပါတယ်။