ဒေသခံတွေ ကန့်ကွက်နေတဲ့ ကျေးရွာမီးလင်းရေးကော်မတီကို NLD ဖဲ့ွစည်းတာမဟုတ်
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကင်းရွာမှာ ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီကို ဖျက်သိမ်းပြီး တိုးချဲ့မီးလင်းရေးကော်မတီ ဖွဲ့စည်းတာကို လက်မခံကြောင်း ဒေသခံရွာသား ၂၀၀ လောက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က မြောင်မြို့မှာ ဆန္ဒပြကန့်ကွက်ခဲ့ပါတယ်။
-
2018-12-19 -

ဒေသခံအများစုရဲ့ ဆန္ဒကို အလေးမထားဘဲ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် စစ်ကိုင်းတိုင်း အစိုးရရုံးရှေ့နဲ့ နေပြည်တော်အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဦးကြည်မောင် က ပြောပါတယ်။
အဲဒီမီးလင်းရေးကော်မတီကို ရပ်ကျေး NLD ပါတီက ဖွဲ့စည်းခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင် NLD ပါတီ အလုပ်အမှုဆောင် ဦးဗိုလ်ဗိုလ်ခိုင် က ပါတီအနေနဲ့ မီးလင်းရေးကော်မတီ ဖွဲ့စည်းပေးတာမရှိကြောင်း နဲ့ ဖွဲ့စည်းခွင့်လည်းမရှိကြောင်း RFA ကို ပြောပါတယ်။
ဆန္ဒပြသူတွေက လုပ်ထုံးလုပ်နည်းနဲ့အညီ ဒေသခံရွာသားတွေရဲ့ ဆန္ဒနဲ့အညီ လျှပ်စစ်မီးလင်းရေးကော်မတီ အသစ်ကို ရွေးချယ်တင်မြောက်ပေးဖို့နဲ့ ဖျက်သိမ်းထားတဲ့ မီးလင်းရေးကေ်ာမတီကိုလည်း ပြန်လည်တာဝန်မပေးဖို့ အချက် ၂ ချက်ကို တောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။
ဖျက်သိမ်းထားတဲ့ ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီကို ၂၀၁၆ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိဖွဲ့စည်းထားတဲ့ မီးလင်းကော်မတီအသစ်ကို ၂၀၁၇ ခုနှစ်က ဖွဲ့စည်းခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။