စစ်ကိုင်းနဲ့ ကချင်မှာ လေပြင်းတိုက် လို့ နေအိမ်နဲ့ တိရိစ္ဆာန်တွေ ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် တို့မှာ ပြီးခဲ့တဲ့နှစ်ရက်လောက် က လေပြင်းတွေ တိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့သလို တိရိစ္ဆာန်အတော်များများ လည်း သေကြေခဲ့ကြတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့မှာ ဧပြီလ ၃ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပျက်စီးနေတဲ့အိမ်တွေကို တွေ့ရစဉ် Photo: Nay Lin Aung

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ ပြီးခဲ့တဲ့နှစ်ရက်လောက်က လေပြင်းတွေ တိုက်ခတ်ခဲ့တဲ့ အတွက် နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့သလို တိရိစ္ဆာန်အတော်များများလည်း သေကြေခဲ့ကြတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

ဧပြီလ ၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်နဲ့ ဝန်းသိုမြို့နယ်တွေမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ကူညီထောက်ပံ့ပေးနေတယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့မှာ နေအိမ် ၁၉ လုံး အမိုးတွေလန်ကာ အိမ်တစ်လုံးပြိုကျခဲ့ပါတယ်။ ဝန်းသိုမြို့မှာလည်း အိမ် ၇၁ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မနေ့က ကျွန်းလှမြို့မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် အိမ်အလုံး ၃၀ လောက်အမိုးတွေ လန်ပျက်စီးခဲ့သလို မိုးသီးကြွေတာကြောင့် အိမ်မွေးကြက် အကောင် ၆၀၀ လောက် သေကြေခဲ့တယ်လို့ သိရပါတယ်။

မနေ့က ကချင်ပြည်နယ် ရွှေကူမြို့မှာလည်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်တစ်ချို့ ပျက်စီးခဲ့တယ်လို့ သိထားပေမယ့် စာရင်းအတိအကျမသိရဘူးလို့ ဆိုပါတယ်။  

သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်တွေ ပျက်ဆီးခဲ့တဲ့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက အိမ်ဆောက်ပစ္စည်းတွေဝယ်ယူဖို့ ထောက်ပံ့ပေးသလို  အစားအသောက်တွေကို လည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org