ရေဘေးဒုက္ခသည် ၈ ထောင်ဝန်းကျင် တိုးလာ
စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ကရင်စတဲ့ ပြည် နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မြစ်ရေမြင့် တက်တာကြောင့် ဇူလိုင် ၁၉ ရက်နေ့ အထိ ရေဘေးဒုက္ခသည် ၈ ထောင်လောက် တိုးလာတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနကနေ သိရပါတယ်။
-
2017-07-20 -
-
-
စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ကရင်စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မြစ်ရေမြင့်တက်တာကြောင့် ဇူလိုင် ၁၉ ရက်နေ့အထိ ရေဘေးဒုက္ခသည် ၈ ထောင်လောက် တိုးလာတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေး ဦးစီးဌာနကနေ သိရပါတယ်။
စစ်ကိုင်းမြို့မှာ လူဦးရေ ၅၆ဝ၊ မကွေးတိုင်းဒေသကြီး အောင်လံ၊ သရက်၊ ပွင့်ဖြူ၊ မင်းလှနဲ့ ကံမ စတဲ့ မြို့နယ်တွေမှာ လူဦးရေ ၇ ထောင်နီးပါး၊ ပဲခူးမြို့မှာ လူဦးရေ ၃ဝဝ ကျော်၊ ကရင်ပြည်နယ်မှာ လူဦးရေ ၁ဝဝ လောက် ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ရတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
အရင်က အဲဒီတိုင်းနဲ့ ပြည်နယ် ၄ ခုမှာ ရေဘေးဒုက္ခသည် ၇၄ဝဝဝ ကျော်ရှိရာကနေ ဇူလိုင်လ ၁၉ ရက်နေ့မှာ ၈၂ဝဝဝ ကျော်အထိ ရှိလာတာဖြစ်ပါတယ်။
ဟုမ္မလင်းမြို့မှာတော့ ချင်းတွင်းမြစ်ကမ်းပါးပြိုတာကြောင့် နေအိမ် ၄ လုံးပြောင်းရွှေ့ရတယ်လို့ စစ်ကိုင်းတိုင်းဒေသ ကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားတာကြောင့် ကမ်းပါးပြိုကျတဲ့အတွက် နေအိမ် အလုံး ၂ဝ လောက် ပြောင်းရွှေ့လိုက်ရပါတယ်။ နောက်ထပ်လည်း ရေတိုက်စားလို့ ပါသွားနိုင်တဲ့ နေအိမ် အလုံး ၃ဝ လောက်လည်း ရှိနေတာကြောင့် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။