စစ်ကောင်စီနဲ့ အထည်ချုပ်လုပ်ငန်းအသစ် ဆောင်ရွက်မှုရပ်ဆိုင်းဖို့ EU ကို တောင်းဆို

မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းပြီး အဝတ်အထည်ချုပ်လုပ်တင်ပို့တဲ့ အစီအစဉ်အသစ်တစ်ခု အကောင်အထည်ဖော်နေတာကို ရပ်ဆိုင်းဖို့ ဥရောပသမဂ္ဂကို အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ အလုပ်သမားများအား ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ RFA

မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းပြီး အဝတ်အထည်ချုပ်လုပ်တင်ပို့တဲ့ အစီအစဉ်အသစ်တစ်ခု အကောင်အထည်ဖော်နေတာကို ရပ်ဆိုင်းဖို့ ဥရောပသမဂ္ဂကို အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေက တောင်းဆိုလိုက်တယ်လို့ ဥရောပက ဒီကနေ့ရရှိတဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

MADE in Myanmar လို့ အတိုကောက်ခေါ်တဲ့ ဖက်စပ်အုပ်စုက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ၂ဝ၂၆ ခုနှစ်အထိ ဆောင်ရွက်မယ့် အဲဒီအထည်အလိပ်၊ အဝတ်အစားနဲ့ ဖိနပ်မျိုးစုံထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ၃ သန်းခွဲနီးပါး ငွေထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဥရောပကောင်စီဥက္ကဋ္ဌနဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌထံ ပေးပို့တဲ့စာမှာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုရာကျရောက်တဲ့ အဲဒီ MADE in Myanmar စီမံချက်ကို ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org