စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်း ငါးခုကို သြစတြေးလျ အရေးယူ

ရန်ကုန်မြို့ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။
ရန်ကုန်မြို့ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (RFA)

စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်း ငါးခုကို သြစတြေးလျနိုင်ငံကလည်း အရေးယူ ပိတ်ဆို့လိုက်ပါတယ်။ ဘဏ် နှစ်ဘဏ်နဲ့ ကုမ္ပဏီ သုံးခုကို အရေးယူလိုက်တာပါ။

စစ်ကောင်စီလက်အောက်ခံ လုပ်ငန်းတွေကို ပံ့ပိုးတဲ့ အဓိက ဘဏ်ကြီးနှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို သြစတြေးလျက အရေးယူလိုက်ပါတယ်။

ဒါတင်မက စစ်ကောင်စီအတွက် လေယာဉ်လောင်စာဆီ တင်သွင်းပေးတဲ့ Asia Sun Group၊ Asia Sun Trading Co Ltd နဲ့ Cargo Link Petroleum Logistics Co Ltd တို့ကို စီးပွားရေးအရ ပိတ်ဆို့အရေးယူလိုက်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံမှာ သြစတြေးလျနဲ့ ဆက်စပ်တဲ့ သတ္တုတွင်းလုပ်ငန်း တစ်ဒါဇင်လောက် လည်ပတ်နေတယ်လို့ စွပ်စွဲနေကြပါတယ်။