ကိုစည်သူဇေယျကို ထောင်ဒဏ် အပြစ်ပေးမှု RSF နဲ့ BMA က ဝေဖန်ရှုတ်ချ

ဓါတ်ပုံသတင်းထောက် ကိုစည်သူဇေယျ ကို ဒီလ ၂၁ ရက်နေ့က ထောင်ဒါဏ် ၈ နှစ် ချမှတ် ခဲ့တာနဲ့ ပတ်သက်လို့ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များ အဖွဲ့ RSF နဲ့ မြန်မာ သတင်းသမဂ္ဂ BMA တို့က ဒီကနေ့ ပူးတွဲ ကြေငြာချက် ထုတ်ပြန်ပြီး မြန်မာစစ် အစိုးရကို ရှုတ်ချ လိုက်ပါတယ်။

ဒါအပြင် ကိုစည်သူဇေယျ ကိုတင်သာမက သူ့ရဲ့ဖခင်ဖြစ်သူ ပန်းချီဆရာ၊ စာရေးဆရာ သားကြီး မောင်ဇေယျ ကိုလည်း ဖမ်းဆီး စစ်ဆေးနေတာကိုလည်း ပြန်လွှတ်ပေးဖို့အဲဒီ ကြေငြာချက် ထဲမှာ တောင်းဆိုထားပါတယ်။

အဲဒီလို သတင်းထောက် သားအဖ (၂) ယောက်စလုံးကို ဖမ်းဆီးခဲ့တာနဲ့ပါတ်သက်ပြီး နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF ရဲ့ အာရှ နဲ့ ပစိဖိတ်ရေးရာ တာဝန်ခံ Vincent Brossel က ဒါဟာ မြန်မာစစ်အစိုးရက သတင်းသမားတွေအပေါ်မှာ ပြစ်မှု ကျူးလွန်လိုက်တာ ဖြစ်တယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

ဒီနှစ် သြင်္ကန်ကာလက ရန်ကုန်မြို့ ကန်တော်ကြီးပါတ်လမ်းမှာရှိတဲ့ X2O အမည်ရှိ ရေကစား မဏ္ဍပ်မှာ ဗုံးပေါက်ကွဲခဲ့တာကို သတင်း ဓါတ်ပုံရိုက်ခဲ့တဲ့အတွက် စာရေးဆရာ၊ ပန်းချီဆရာ သားကြီးမောင်ဇေယျ နဲ့ သူ့ရဲ့ သားဖြစ်သူ ကိုစည်သူဇေယျ တို့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

သူတို့ သားအဖ (၂) ယောက် အဖမ်းခံခဲ့ရတာနဲ့ ပါတ်သက်ပြီး မြန်မာ သတင်းသမဂ္ဂ BMA နဲ့ RSF တို့ကို ဆက်သွယ်ပြီး ကိုခင်မောင်စိုးမင်းက စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင် ပါတယ်။


ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org