အကောင်းဆုံးရုပ်ရှင် ဇာတ်လမ်းတိုဆုရ “ကြိုး” ဇာတ်ကား

ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ “လွတ်လပ်ခြင်း အနုပညာ” ရုပ်ရှင် ပွဲတော်မှာ “ကြိုး” ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင် ဇာတ်လမ်းတိုဆု ဆွတ်ခူးသွား ပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပသည့်“လွတ်လပ်ခြင်း အနုပညာ” The Art of Freedom Film Festival 2012 ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတိုဆု ချီးမြှင့်ခံရသော “ကြိုး” ဇာတ်ကား (ဒါရိုက်တာမင်းသိုက်)။ screenshot

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ အဲဒီ ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇာတ်ကားပေါင်း (၁၈၈) ကားထဲကနေ ရွေးချယ် ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

အဲဒီပွဲတော်မှာ ဆုချီးမြှင့်ခံရတဲ့ ကားတွေကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်အောင် စီစဉ်သွားမယ်လို့လည်း ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

“ကြိုး” ဇာတ်ကားအတွက် ဘယ်လို ရိုက်ကူးခဲ့သလဲ ဆိုတာ ဒါရိုက်တာမင်းသိုက်ကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org