ရိုဟင်ဂျာအရေး နိုင်ငံတကာ အထောက်အကူရဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးစား

RFA Burmese
2024.11.13
ရိုဟင်ဂျာအရေး နိုင်ငံတကာ အထောက်အကူရဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးစား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့က တွေ့ရစဉ်။
AFP Photo

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်က ပဋိပက္ခကို အထူးစိုးရိမ်မကင်းဖြစ်ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Jashim Uddin က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်က ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ကို မြန်မာနိုင်ငံက လူတွေ ထပ်မံရောက်ရှိလာတယ်လို့ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်နဲ့ ဒီလ ၁၂ ရက်က တွေ့ဆုံချိန်မှာ ပြောကြားတာပါ။

ရိုဟင်ဂျာပြဿနာ ရေရှည်အဖြေရှာဖို့ ပြင်သစ်အစိုးရ အပါအဝင် နိုင်ငံတကာ အထောက်အကူရဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ကြိုးစားနေတယ်လို့လည်း BSS သတင်းက နိုဝင်ဘာ ၁၃ ရက်မှာ ဖော်ပြပါတယ်။

နေရပ်က အဓမ္မရွှေ့ပြောင်းခံရသူတွေကို မြန်မာနိုင်ငံ ပြန်ပို့ရေးကိစ္စမှာ ဘယ်လိုမှ တိုးတက်မလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်က စိတ်ပျက်ရတယ်လို့ ပြင်သစ်သံအမတ်ကို ဝန်ကြီးက ပြောကြားပါတယ်။

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်က လူသားချင်းစာနာရေး အကူအညီပေးတဲ့အတွက် ပြင်သစ်က လေးစားသိအမှတ်ပြုကြောင်း ပြင်သစ်သံအမတ်က ပြောကြားပြီး ရိုဟင်ဂျာအရေးမှာ ဘင်္ဂလားဒေ့ရှ်ကို အထောက်အကူပေးမဲ့ အကြောင်းလည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။