ရာထူးကဖယ်ရှားလိုက်တဲ့ ဗိုလ်ချုပ်ကြီးတွေကို အရေးယူဖို့ HRW တိုက်တွန်း

မြန်မာ့တပ်မတော်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လိုက်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုးနဲ့၊ နှုတ်ထွက်သွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောတို့ကို ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံရမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တရားဥပဒေအရ အရေးယူသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။

ဗိုလ်ချုပ် မောင်မောင်စိုးကို တွေ့ရစဉ် Photo: MOI

မြန်မာ့တပ်မတော်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လိုက်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုးနဲ့၊ နှုတ်ထွက်သွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောတို့ကို ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံရမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တရားဥပဒေအရ အရေးယူသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီနေ့ပြောလိုက်ပါတယ်။

၂ဝ၁၇ သြဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း သူတို့နှစ်ယောက်ရဲ့ ညွှန်ကြားချက်အောက်မှာ စစ်တပ်က လူတွေကိုသတ်ဖြတ်တာ၊ မုဒိန်းကျင့်တာ၊ လူ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို လူမျိုးတုန်း သုတ်သင်ရှင်းလင်းမှု ကျူးလွန်ထားတဲ့ စစ်ဗိုလ်ချုပ် ၂ ယောက်ကို တာဝန်ကနေ အနားပေးလိုက်ရုံနဲ့ အရေးယူတာ မလုံလောက်ဘူးလို့ HRW ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org