နတ်မြစ်ထဲ နစ်မြုပ်တဲ့လှေက ရိုဟင်ဂျာ ၃၄ ဦးအလောင်းတွေ့ရှိ

RFA Burmese
2024.08.08
နတ်မြစ်ထဲ နစ်မြုပ်တဲ့လှေက ရိုဟင်ဂျာ ၃၄ ဦးအလောင်းတွေ့ရှိ နတ်မြစ်အနီး ရေနစ်သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

နတ်မြစ်မှာ ဒီလ ၆ ရက်က နစ်မြုပ်ခဲ့တဲ့ လှေထဲက ရိုဟင်ဂျာ ၃၄ ယောက်ရဲ့ အလောင်းတွေ ပြန်လည်တွေ့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ယောက်က သြဂုတ် ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့လှေ နစ်မြုပ်ခဲ့တာဖြစ်ပြီး အစပိုင်းမှာ ကလေးတွေအပါအဝင် အလောင်း ၁၀ လောင်းတွေ့ရှိခဲ့ပါတယ်။

လှိုင်းတွေ ရိုက်ပြီး ကမ်းပေါ် အလောင်းတွေ ထပ်ရောက်လာတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ကျေးရွာတွေက ရိုဟင်ဂျာတွေ ထွက်ပြေးလာကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် Shahpari ကျွန်းနားမှာ လှေနစ်မြုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာကစပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရိုဟင်ဂျာ တစ်ထောင်ထက်မနည်း ထွက်ပြေးလာပါတယ်။ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးဖို့ကြိုးစားနေတယ်လို့လည်း မောင်တောက ထွက်ပြေးလာသူတယောက်က AFP သတင်းဌာနကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။