တပ်မ ၃၃ နဲ့ ၉၉ က ကျူးလွန်ခဲ့မှုတွေ ရိုက်တာသတင်း ထုတ်ပြန်
ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနက အထူးအစီရင်ခံစာ တစောင်ကို ဇွန်လ ၂၆ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာမှာ တပ်မ ၃၃ နဲ့ တပ်မ ၉၉ တို့က စစ်ဆင်ရေးကာလအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခဲ့ပုံတွေကို တင်ပြထားပါတယ်။
-
2018-06-26 -
-
-
ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနက အထူးအစီရင်ခံစာ တစောင်ကို ဇွန်လ ၂၆ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာမှာ တပ်မ ၃၃ နဲ့ တပ်မ ၉၉ တို့က စစ်ဆင်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖေါက်ခဲ့ပုံတွေကို တင်ပြထားပါတယ်။
အစီရင်ခံစာမှာ ရခိုင်ပြည်နယ်စစ်ဆင်ရေးမှာပါဝင်တဲ့ ဒုဗိုလ် ကြည်ဉာဏ်လင်း က မိုင်နောင်လင်း ဆိုတဲ့ Facebook အမည်နဲ့ သြဂုတ်လက ရေးသားချက်တွေကို ကိုးကား ဖေါ်ပြထားပါတယ်။
သြဂုတ်လ ၁၀ရက်နေ့က ဒုဗိုလ်ကြည်ဉာဏ်လင်း တင်တဲ့ပို့စ်တခုမှာ ရခိုင်ပြည်မြောက်ပိုင်းကို သူတို့တပ် သွားရောက်တဲ့အကြောင်းတွေ စတင်ရေးထားပြီး ဘင်္ဂါလီ အသားသွားစားတာလား၊ ဆိုတဲ့ မေးမြန်းချက်တွေ၊ ကုလားတွေကို အမှုန့်ကြိတ်ခဲ့လို့ ရေးသားချက်တွေကို အေးပါကွာ လို့ ပြန်ဖြေခဲ့ပုံတွေကို ဖေါ်ပြထားပါတယ်။