ကချင်က သတင်းသမား ငါးဦး ပြန်လည်လွတ်မြောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မနေ့ညက အဖမ်းခံရတဲ့ သတင်းသမား ငါးဦးကို ခံဝန်ကတိလက်မှတ်ထိုးပြီး နေ့လယ်ပိုင်းမှာ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၁၂ရက်နေ့ကပြုလုပ်ခဲ့စဉ် Photo: RFA

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မနေ့ညက အဖမ်းခံရတဲ့ သတင်းသမား ငါးဦးကို ခံဝန်ကတိ လက်မှတ် ထိုးပြီး နေ့လယ်ပိုင်းမှာ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

သတင်းသမား ငါးဦး ခံဝန်ကတိလက်မှတ်ထိုးပြီး အခု နေ့လယ်ပိုင်းမှာ ပြန်လွတ်လာပြီလို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG )က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

ဆူပူမှုဖြစ်နေတာကို တိုက်ရိုက်ထုတ်လွင့်တာက လူထုအပေါ် နှိုးဆော်တဲ့ပုံစံမျိုးသက်ရောက်သွားတဲ့အတွက် မီဒီယာကျင့်ဝတ်နဲ့မညီဘူး ဆိုပြီးဖမ်းခေါ်သွားတာပါ။

မီဒီယာကျင့်ဝတ်နဲ့အညီ လုပ်ကြဖို့ ဝန်ခံကတိလက်မှတ်ထိုးပြီး ပြန်လွှတ်လာခဲ့တာလို့လည်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

ဖေဖော်ဝါရီ၁၄ရက်နေ့ညက ဘူးဂါးလျှပ်စစ်ဓာတ်အားပေးရုံအနီး ဆန္ဒပြနေတာကို သတင်းရယူနေစဉ် စစ်တပ်က ဖမ်းဆီးသွားခဲ့တာပါ။

RFA logo
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org