စဝ်စံထွန်းဆေးရုံကို မွန်းမံပြင်ဆင်ဖို့ ရုရှားနဲ့ ကုလ သဘောတူ

ရှမ်းပြည်နယ်တောင်ကြီးမြို့မှာရှိတဲ့ စဝ်စံထွန်းသမိုင်းဝင်ဆေးရုံဟောင်းကို ပြန်လည်မွန်းမံပြင်ဆင် ပြီး ကုသမှု ပိုမိုတွင်ကျယ်အောင်ဆောင်ရွက်ဖို့အတွက် ရှရှားနဲ့ ကုလသမဂ္ဂတို့ သဘောတူခဲ့ကြ ပါတယ်။

ရှမ်းပြည်နယ်တောင်ကြီးမြို့မှာရှိတဲ့ စဝ်စံထွန်းဆေးရုံကို တွေ့ရစဉ် Photo: Arkar Khit Paing/ Facebook

ရှမ်းပြည်နယ်တောင်ကြီးမြို့မှာရှိတဲ့ စဝ်စံထွန်းသမိုင်းဝင်ဆေးရုံဟောင်းကို ပြန်လည်မွန်းမံပြင်ဆင်ပြီး ကုသမှု ပိုမိုတွင်ကျယ်အောင်ဆောင်ရွက်ဖို့အတွက် ရှရှားနဲ့ ကုလသမဂ္ဂတို့ သဘောတူခဲ့ကြပါတယ်။

အဲဒီသဘောတူညီချက်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုရှားသံရုံးနဲ့ ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး UNOPS တို့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ ဒီကနေ့ လက်မှတ်ထိုးကြပါတယ်။

အဲဒီသဘောတူညီချက်အရ ဆေးရုံပြင်ဆင်ရေးအတွက်ဆောင်ရွက်ရမယ့်အပိုင်းတွေကိုလေ့လာဖို့ အမေရိကန်ဒေါ်လာ ၁ သိန်း ၈ သောင်း ၇ ထောင် စိုက်ထုတ်မှာဖြစ်ပါတယ်။ အဲဒီဆောင်ရွက်ရမယ့် အပိုင်းတွေကို UNOPS က အကောင်အထည်ဖော်မှာဖြစ်ပြီး ဘာတွေဆောင်ရွက်ဖို့လိုအပ်သလဲ ဆိုတဲ့တွေ့ရှိချက်တွေကို ကျန်းမာရေးဝန်ဘကီးဌာန၊ ဆေးရုံအာဏာပိုင်တွေနဲ့ အလှူရှင်တွေကို ချပြမှာဖြစ်ပါတယ်။

အဲဒီဆေးရုံကို လွတ်လပ်ရေးမရမီကြားဖြတ်အစိုးရလက်ထက်က တောင်တန်းဒေသဆိုင်ရာဝန်ကြီးဖြစ် တဲ့  မိုင်းပွန်စော်ဘွားစဝ်စံထွန်းရဲ့အမည်ပေးပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စဝ်စံထွန်းဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ပင်လုံစာချုပ်မှာလက်မှတ်ထိုးခဲ့သူ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ စဝ်စံထွန်းဟာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေနဲ့အတူ ရန်ကုန်မြို့မှာ အစိုးရအဖွဲ့အစည်းအဝေး ကျင်းပနေချိန်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org