ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အမ်းမြို့နယ်မှ ဝင်ပြိုင်မည်


2015.07.27
umgmgohn-620 ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ကိုတွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီကို ကိုယ်စားပြုပြီး အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကနေ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

အမ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ဖ့ွံဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်သိန်းက ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းဟာ ပါတီဝင်အဖြစ် လျှောက်ထားပြီးဖြစ်လို့ရွေးကောက်ပွဲ ဝင်မှာဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။

"ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ်လေ ကျနော်တို့မြို့နယ်အတွက် အကျိုးရှိနိုင်မယ့်လူဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အကုန်လုံး လက်ခံကြပါတယ်၊ ဒီအမ်းမြို့နယ်ကနေ အရွေးခံဆိုတာတော့သိတယ်၊ အမှတ် (၁) နယ်မြေကပါ ခင်ဗျ"

ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ရခိုင်ပြည်နယ်အတွင်းက မဲဆန္ဒနယ်မြေတွေမှာ ဝင်ရောက်ရွေးကောက်ခံ မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်မှာ ပြည်နယ်လွှတ်တော် ၃၄ နေရာ၊ ပြည်သူ့လွှတ်တော် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ၆၄ နေရာရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။