အကြံပေးကော်မရှင် အစီရင်ခံစာ အကောင်အထည်ဖော်ဖို့ တိုက်တွန်း


2017.08.24
rakhine-state-commission-press-622.jpg ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပစဉ်
Photo: Htet Arkar/RFA
မြန်မာအစိုးရအနေနဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ထိုင်းအခြေ စိုက် Fortify Rights လူ့အခွင့်အရေး အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်မှာ လက် ရှိဖြစ်နေတဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရမယ့်အစား၊ ဒီကိစ္စတွေအတွက် ရခိုင်အကြံပေးကော် မရှင်ကို အကာအကွယ်ယူဖို့ ကြိုးစားနေတယ်လို့ Fortify Rights အဖွဲ့ရဲ့ အကြီးအကဲ Matthew Smith က ပြောပါတယ်။

ကော်မရှင်က အကြမ်းဖက်မှုတွေ ရပ်တန့်သွားဖို့ အကြံပြုချက်တွေ အခိုင်အမာ တင်ပြလာပြီမို့ မြန်မာအစိုးရအနေနဲ့ ဒီအကြံပြုချက်တွေအတိုင်း အချိန်မဆိုင်းဘဲ ဆောင်ရွက်သင့်တဲ့အကြောင်း၊ ပကတိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ လိုကြောင်းလည်း ပြောပါတယ်။ ဒါ့ပြင် လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ထား တာတွေဟာ လူမျိုးရေးခွဲခြား ဆက်ဆံသလိုဖြစ်နေတဲ့အတွက်၊ ရေရှည်မှာ လူမှုအဝန်းအဝိုင်းတွေအကြား လုံခြုံမှု ကင်းမဲ့လာပြီး အချင်းချင်း သတ်ဖြတ်မှုတွေ ဖြစ်လာအောင် မီးမွေးပေးသလို ဖြစ်စေတယ်လို့ Matthew Smith က ပြောပါတယ်။ အခုအချိန်ဟာ မြန်မာအစိုးရအတွက် ရခိုင်အကြံပေးကော်မရှင်၊ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်တို့နဲ့အတူ ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းဖို့ အခွင့်အလမ်းဖြစ်ကြောင်းလည်း  Fortify Rights အဖွဲ့က ပြောဆိုလိုက်ပါတယ်။

အလားတူပဲ  HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်တာဝန်ခံ Phil Robertson ကလည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ တာဝန်ယူဖို့ မစ္စတာ ကိုဖီအာနန်ကို ကမ်းလှမ်း ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့ပတ်သက်လို့ လက်ခံနိုင်မလား ဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။