ရခိုင်ပြည်နယ်မှာ ဒုက္ခသည် အရေအတွက် နှစ်သောင်းကျော်တိုးလာ
2012.10.28

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လဝန်းကျင်က ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် ဒုက္ခသည်ဖြစ်ရသူ အရေအတွက်က ၇၅၀၀၀ (ခုနှစ်သောင်းငါးထောင်) လောက်ရှိတယ်လို့ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဒေသတွေကို သွားရောက် ကြည့်ရှုခဲ့တဲ့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ တာဝန်ခံ မစ္စတာ Ashok Nigam ပြောတာက ဘေးလွတ်ရာ ထွက်ပြေးရသူတွေဟာ သူတို့ပြေးရတဲ့ မြို့တွေ ကျေးရွာတွေ တဝိုက်မှာပဲ အများဆုံး ခိုလှုှုံံနေကြတယ်လို့ဆိုပါတယ်။
စစ်တွေမြို့နားမှာ အရင်ရှိပြီးသား ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိလာသူ အရေအတွက်က ၆၀၀၀ နီးပါး လောက်ရှိတယ်လို့အေအက်ဖ်ပီသတင်းမှာ ဖေါ်ပြထားပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ရသူ အများစုဟာ မူဆလင်တွေဖြစ်တယ်လို့ဆိုပါတယ်။
မင်းပြားမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့မှုနောက်ဆက်တွဲ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ဒုက္ခသည်အရေအတွက်က ၄၀၀၀ လောက်ရှိတယ်လို့ အေအက်ဖ်ပီ သတင်းက ဆိုပါတယ်။
မြောက်ဦးမြို့နယ်ဖက်က ဒုက္ခသည်အခြေအနေတွေကို အာအက်ဖ်အေ ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက် |
![]() |
အသံဖိုင်ယူရန် |
ကျောက်ဖြူမြို့မှာ မီးရှို့တိုက်ခိုက်မှုတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလံှုနေကြသူတွေရဲ့ အခြေအနေကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင် တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက် |
![]() |
အသံဖိုင်ယူရန် |