ရခိုင်ပြည်နယ် ကျောက်နီမော်မှာ မူဆလင်ကျေးရွာကို ပြောင်းရွှေ့ပေး ဖို့တောင်းဆို
2012.10.30

ဆန္ဒပြတောင်းဆိုတဲ့ ရခိုင်လူမျိုးတချို့ ရှေ့တိုးလာတာကြောင့် ကျောက်နီမှော်ကျေးရွာမှာ လုံခြုံရေး တာဝန်ယူထားတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပတ်ခတ်တားဆီးခဲ့တာကြောင့် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံ ရခိုင်တိုင်းရင်းသားတစ်ဦးက RFA ကို ပြောပါတယ်။
ရခိုင်တိုင်းရင်းသားတွေ အဝိုင်းခံထားရတဲ့ ကျောက်နီမှော်ကျေးရွာသား မွတ်ဆလင်ဘာသာဝင်တစ်ဦးက အခြေအနေကို အခုလို ပြောပါတယ်။
“မနက် ၆ နာရီက ရခိုင်လူမျိုးတွေက ကျွန်တော်တို့ကို လေးဖက်လေးလံ ဝိုင်းထားတယ်။ ခုထိ လူစုခွဲလို့ မရသေးဘူး။ လူူ ၆၀၀၀ ကျော် သူတို့စုနေတယ်လို့ ပြောတယ်။ ဥပဒေစိုးမိုးရေးအောက်မှာ ကျွန်တော်တို့ အေးအေးဆေးဆေး နေချင်တဲ့ သဘောရှိတယ်။”
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမှော်ကျေးရွာအုပ်စုက မွတ်ဆလင်ဘာသာဝင်တွေကို တခြားနေရာတစ်ခုကို ပြောင်းရွေ့ပေးဖို့ ကျောက်နီမှော်ကျေးရွာအနီးမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေက ဒေသဆိုင်ရာတာဝန်ရှိသူတွေနဲ့ နေထိုင်သူတွေကို မနေ့ကမနက်ပိုင်းကစလို့ တောင်းဆိုနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ကျောက်နီမော် ကျေးရွာဒေသခံ ရခိုင်တိုင်းရင်းသားတစ်ဦးကို ဦးဝင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |
ကျောက်နီမော် ကျေးရွာဒေသခံ မူဆလင်တစ်ဦးကို ဦးခင်မောင်စိုးက မေးမြန်းထားပါတယ်။
![]() |
စုစည်းတင်ပြချက် |
![]() |
အသံဖိုင်ယူရန် |
ရခိုင်ပြည်အရေး နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက အစ္စလမ်ဘာသာ ကိုးကွယ်တဲ့ ခေါင်းဆောင်တွေရဲ့ အမြင်ကို ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |