မြောက်ဦးက ပီပင်ရင်းစစ်ဘေးဒုက္ခသည်စခန်း ရေနစ်မြုပ်နေ

2021.07.28
မြောက်ဦးက ပီပင်ရင်းစစ်ဘေးဒုက္ခသည်စခန်း ရေနစ်မြုပ်နေ ဇူလိုင်လ ၂၈ ရက်နေ့က ရေနစ်မြုပ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးက ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်း။
Photo: RFA

မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ထဲက ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်း ဇူလိုင်လ ၂၈ ရက်နေ့က ရေနစ်မြုပ်နေတယ်လို့ စခန်းတာဝန်ခံ ဦးသိန်းကျော်မြက RFA ကိုပြောပါတယ်။

ညပိုင်းအချိန်အထိ မိုးတွေလည်းအဆက်မပြတ်ရွာသွန်းနေသေးလို စစ်ဘေးဒုက္ခသည်အိပ်ခန်း ၂၀ ကျော်လည်း ရေနစ်မြုပ်နေပြီး ဒုက္ခသည်တွေ ဘုန်းကြီးကျောင်းကိုပြောင်း နေရတယ်လို့လည်းဆိုပါတယ်။

ညအချိန်မှာ ရေတွေ ပြည့်လာတာဖြစ်လို့ ကူညီကယ်ဆယ်မယ့်သူတွေလည်း မရှိတာကြောင့် ဒုက္ခသည်တွေ အခက်အခဲ ဖြစ်နေတယ်လို့လည်း ဦးသိန်းကျော်မြကပြောပါတယ်။

အဲဒီ ပီပင်ရင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည်နေတဲ့ အခန်း ၅၀၀ ကျော်ရှိပြီး အဲဒီအခန်းတွေလည်း မြုပ်လုနီးပါး ဖြစ်နေပြီလို့ ဆိုပါတယ်။

ပီပင်ရင်း ဒုက္ခသည်စခန်းမှာ မြောက်ဦးမြို့နယ်က အိမ်ထောင်စု ၅၆၄ စုနဲ့ လူဦးရေ ၁၇၆၇ ဦးခိုလှုံနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။