ရခိုင်ပြည်နယ်လူသားချင်းစာနာရေးအစီအစဉ် ဘင်္ဂလားဒေ့ရှ်ကူညီဖို့စဉ်းစား

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။
ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။ (RFA)

ရိက္ခာပြဿနာကြုံနေရတဲ့ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂက ဦးဆောင်တဲ့ လူသားချင်းစာနာရေး အကူအညီပေးမယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်က အပြုသဘောဆောင် အထောက်အကူပေးဖို့ စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Touhid Hossain ကပြောကြားကြောင်း BSS သတင်းမှာ မတ် ၁၂ ရက်က ဖော်ပြပါတယ်။

အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်း ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tan Sri Othman Hashim နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မတ် ၁၁ ရက်က တွေ့ဆုံချိန်မှာ ပြောကြားတာပါ။

အဲဒီလို တွေ့ဆုံချိန်မှာ ရိုဟင်ဂျာတွေ စောစီးစွာ ပြန်နိုင်ဖို့လိုအပ်တာကိုလည်း အကြံပေးက ပြောပါတယ်။ ဒါတင်မက မြန်မာစစ်ကောင်စီ၊ အာဆီယံ အဖွဲ့ဝင်တွေ၊ ကုလသမဂ္ဂနဲ့ အလှုရှင်နိုင်ငံတွေပါဝင်တဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့မယ့် ပြီးပြည်စုံတဲ့ လမ်းညွှန်အစီအစဉ် ပြင်ဆင်ရေးအရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းပါတယ်။