ရခိုင်ပြည်နယ် သောက်သုံးရေ ရရေး ကျပ်သန်းပေါင်း ၉၀ အသုံးပြုမည်

ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ စီမံချက်အတွင်းမှာ ပေါက်တော ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံစတဲ့ မြို့ နယ်ပေါင်း ၁၃ မြို့နယ် မှာ ငွေကျပ်သန်းပေါင်း ၉၀ ကျော် အသုံးပြုပြီး ရေတွင်း၊ ရေကန်တွေနဲ့ သောက်သုံးရေ ရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စစ်တွေမြို့မှာ ဧပြီလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ စီမံချက်အတွင်းမှာ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ၊ မြေပုံစတဲ့ မြို့နယ်ပေါင်း ၁၃ မြို့နယ် မှာ ငွေကျပ်သန်းပေါင်း ၉၀ ကျော်အသုံးပြုပြီး ရေတွင်း၊ ရေကန်တွေ နဲ့ သောက်သုံးရေရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်

စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာ သတင်းမီဒီယာတွေနဲ့ ဒီနေ့ တွေ့ဆုံစဉ် ပြည်နယ် ဦးစီးဌာနမှူး ဦးထွန်းဝေက လာမယ့် မေလအတွင်း ရခိုင်ပြည်နယ်မှာ ကျေးရွာပေါင်း ၃၀၀ လောက် သောက်သုံးရေရှားမှုနဲ့ကြုံတွေ့နိုင်ကြောင်းနဲ့ အစိုးရရဲ့ ပြင်ဆင်ထားမှု အခြေအနေကို ပြောတာဖြစ် ပါတယ်။

"ကြိုတင်ခန့်မှန်းချက်အရ မေလကုန်လောက်မှာတော့ ရွာပေါင်း ၃၀၀ လောက်ကို ကျနော်တို့ မြစ်ရေ သွယ်တာမျိုး၊ တွင်းတိမ်တူးတာမျိုး၊ တိုက်ရိုက်မော်တော်တွေ၊ ကားတွေနဲ့ ရေပို့ရတာမျိုး၊ ရွာပေါင်း ၃၀၀ လောက်တော့ရှိမယ်လို့ ကျနော်တို့ခန့်မှန်းထားပါတယ်၊ ဇွန်လမှာ ၃၀၀ အထက် ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်၊ ကံကောင်းစွာနဲ့ မိုးရွာချရင်တော့ သောက်လို့၊ သုံးလို့ရတဲ့ အနေအထားမျိုး ရေရရှိလာရင်တော့ တစ်မျိုးဖြစ်မှာပေါ့၊ လောလောဆယ် ကျနော်တို့ အဲ့လိုခန့်မှန်း ထားပါတယ်"

လတ်တလော ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၉၀ ကျော်မှာ သောက်သုံးရေ ဖြန့်ဝေပေးနေပါတယ်။

ဒါ့အပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခရိုင် ၅ ခုမှာ ငွေကျပ်သန်းပေါင်း ၃၅၀ ကျော်နဲ့ တံတားပေါင်း ၂၇ စင်းကို ရက်ပေါင်း ၁၀၀ အတွင်း တည်ဆောက်သွားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

ကျေးလက်ဒေသ ဖံ့ွဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လမ်းတံတားနဲ့ ရေပေးဝေရေး လုပ်ငန်းတွေကို ရက်ပေါင်း ၁၀၀ အတွင်း အဓိကဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထား တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org