ရခိုင်ပြည်နယ်လုံး ဆိုင်ရာ တောင်သူလယ်သမား အကြိုညီလာခံ ကျင်းပ

ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား အကြိုညီလာခံကို မြေပုံမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

အဲဒီညီလာခံကို ရခိုင်ပြည်နယ်က တောင်သူလယ်သမားတွေရဲ့အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ဖို့အတွက် ကျင်းပတာဖြစ်တယ်လို့ အကြိုညီလာ ခံဖြစ်မြောက်ရေး ကော်မတီဝင် ဦးကျော်ဇံ က ပြောပါတယ်။

အဲဒီအကြိုညီလာခံကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့က တောင်သူကိုယ်စားလှယ် ၆ ဦးနှုန်းစီအပြင် အခြားအရပ်ဘက်အဖွဲ့အစည်းတွေ စုစုပေါင်း လူဦးရေ ၁၅၀ လောက် တက်ရောက်ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ညီလာခံ ပထမနေ့မှာ တောင်သူကိုယ်စားလှယ်တွေက မြို့နယ်အလိုက်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

ညီလာခံ နောက်ဆုံးနေ့မှာ ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂကို ဖွဲ့စည်းသွားမှာ ဖြစ်ပြီး တောင်သူလယ်သမားသမဂ္ဂရဲ့ ပထမဆုံးအကြိမ် ညီလာခံ ကျင်းပနိုင်ရေးအတွက် အတည်ပြုဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။