ရခိုင် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား
2012.12.31

စစ်တွေမြို့မှာကျင်းပတဲ့ အခမ်းအနားကို ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး အောင်မြေကုန်း ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ တစ်ချိန်က ကိုယ့်ထီးကိုယ့်နန်းနဲ့ အုပ်ချုပ်နေထိုင်လာခဲ့ကြတဲ့ ရခိုင်ပြည်နယ်ဟာ သူတစ်ပါးလက်အောက်သို့ ကျရောက်ခဲ့ရတဲ့အကြောင်း ဦးဆောင်စီစဉ်သူတွေက ပြောကြားခဲ့ကြသလို အခမ်းအနားမှာ အောက်မေ့ဖွယ် ရခိုင်ကဗျာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လကစတင်ပြီး ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသွားခဲ့ကြတဲ့သူတွေအတွက်လည်း ဆုတောင်းမေတ္တာပို့အမျှဝေခဲ့ကြပါတယ်။ အလားတူ အောက်မေ့ဖွယ်အခမ်းအနားတွေကို ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော မြို့တွေမှာလည်း ဆုတောင်းခြင်း ကဗျာရွတ်ခြင်း၊ ဆီးမီး ၂၂၈ တိုင်စီထွန်းညှိခြင်း စတဲ့အစီအစဉ်တွေနဲ့ ကျင်းပခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က ဦးဆောင်ပြီးတော့ ရခိုင်ပြည်နယ် အချုပ်အခြာအာဏာကျဆုံးနေ့အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားတွေကျင်းပခဲ့ရာမှာ အလားတူ အခမ်းအနားမျိုးတွေ နောက်နောက်မလုပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့က RNDP ပါတီတာဝန်ရှိသူ ၅ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ရက်နေ့က နေပြည်တော်မှာ ခေါ်ယူသတိပေးခဲ့ပါတယ်။