တပ်မတော် ၂၅ ရာခိုင်နှုန်းကြောင့် အဟန့်အတား ဖြစ်စေတယ်လို့ မစ္စတာ ကင်တားနားပြော
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်ကို တားဆီးပိုင်ခွင့် ဗီတိုအာဏာပေးထားတာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမူဖြစ်စဉ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ကို အဟန့်အတားဖြစ်စေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် ကင်တားနားက ပြောဆိုလိုက်ပါတယ်။
-
2014-05-24 -
-
-
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ပုံ
photo: RFA/ Nay Thwae
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်ကို တားဆီးပိုင်ခွင့် ဗီတိုအာဏာပေးထား တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမူဖြစ်စဉ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် ကင်တားနားက ပြောဆိုလိုက်ပါတယ်။
လွတ်တော်တွင်းမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေတာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲကအချက်တွေ ပြင်ဆင်ရေးအပြင် ဒေါ်အောင် ဆန်းစုကြည် သမ္မတ အဖြစ် ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးနိုင်ဖို့အတွက် စစ်တပ်ကို ဗီတိုအာဏာ အပ်နင်းထားသလို ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုမေလကုန်မှာ တာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။