‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ်

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” မေးဖြေခန်း ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်မှာ မနိုင်ခြူးဝေ (နော်ဝေ)၊ ဒေါ်မော်လီ (ကနေဒါ)၊ ကိုအိုတူး (ထိုင်း)၊ ကိုထိုက်မင်း (ဖင်လန်)၊ ကိုကျော်စစ်နိုင် (အမေရိကန်)၊ ကိုစတီဗင် (ဆွီဒင်) တို့ရဲ့ မေးခွန်းတွေ ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၄ ရက်မှ စတင်ဖွင့်လှစ်သော မဒမ် တူးဆိုး ဗန်ကောက်ပြတိုက်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ဖယောင်းရုပ်တုကို ပြသထားပါသည်။ (screenshot from Madame Tussauds Bangkok Museum website) (screenshot from Madame Tussauds Bangkok Museum website)
ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၂၄)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃)
အသံဖိုင်ယူရန်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ်

နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၂၆)
အသံဖိုင်ယူရန်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။

ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။

မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။

အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။

မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။

အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org