ကမ္ဘာ့မွတ်စလင် အဖွဲ့ချုပ် ရုံးခန်း ဖွင့်လှစ်မှု စစ်တွေ သံဃာနဲ့လူထု ကန့်ကွက်ဆန္ဒပြ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ OIC ခေါ် ကမ္ဘာ့မွတ်စလင် ဘာသာဝင်နိုင်ငံများ အဖွဲ့ချုပ်က ရုံးခန်းဖွင့်လှစ်မှာကို ကန့်ကွက်တဲ့ အနေနဲ့ သံဃာတော် အပါး ၅၀၀ ခန့်ဟာ ဒီကနေ့ စစ်တွေမြို့က ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
-
2012-10-09 -
-
-
ရခိုင်မှာ ပဋိပက္ခ ဖြစ်တဲ့နေရာမှာ နိုင်ငံတကာက အကူအညီပေးတဲ့ NGO တွေ၊ အဖွဲ့ရဲ့ ထောက်ပံ့မှုတွေ များစွာပါရှိတယ်လို့ တွေ့ရတဲ့အတွက် သူတို့ကို လက်မခံနိုင်ကြောင်း ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုမှာ ပါဝင်တဲ့ သံဃာတော်တစ်ပါးက RFA ကို မိန့်ကြားပါတယ်။
ဆန္ဒပြသံဃာတော်တွေဟာ ဒေသခံတွေ အားလုံး ငြိမ်းချမ်းစွာနေနိုင်ရေး အတွက် အင်ပါလာ ခေါ် အောင်မင်္ဂလာရပ်ကွက်ကို မြို့အပြင်သို့ ထုတ်ပေးဖို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်မှုကြောင့် အတိဒုက္ခ ရောက်နေကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းရှင် ပြည်သူတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက အပြည့်အ၀ တာဝန်ယူ ကာကွယ်ပေးဖို့၊ ရခိုင်ပြည်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံကြောင်း စတာတွေ အပါအဝင် အချက် ၅ ချက် တောင်းဆိုပြီး စစ်တွေမြို့အနှံ့ လှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ထောင်နဲ့ချီတဲ့ မြို့မိမြို့ဖ တွေလည်း ပူးပေါင်း ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆန္ဒပြမှုမှာ ပါဝင်တဲ့ စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က ဆရာတော် ဦးအိန္ဒကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ က လျှောက်ထားမေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |