နမ့်စန်မြို့မှာ ပြည်သူ့စစ်နဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှာ မနေ့က မတ်ကျန်းပြည်သူ့စစ်ဌာနေက တပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ထော်လာဂျီတစ်စီး တိုက်မိကြပြီး ထော်လာ ဂျီမောင်းသမားကို မတ်ကျန်းတပ်ဖွဲ့ဝင် ၁၅ ဦး လောက်က ဝိုင်းရိုက်တာကြောင့် ဒေသခံပြည်သူတွေနဲ့ ရုန်းရင်းဆန် ခတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှာ မနေ့က မတ်ကျန်းပြည်သူ့စစ်ဌာနေက တပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ထော်လာဂျီတစ်စီး တိုက်မိကြပြီး ထော်လာဂျီမောင်းသမားကို မတ်ကျန်းတပ်ဖွဲ့ဝင် ၁၅ ဦး လောက်က ဝိုင်းရိုက်တာကြောင့် ဒေသခံပြည်သူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိဖြစ်စဉ်တွေအပေါ် နမ့်စန်မြို့သူ မြို့သားတွေအနေနဲ့ ထိတ်လန့်တုန်လှုပ်နေတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"မတ်ကျန်းငြိမ်းချမ်းရေးအဖွဲ့နဲ့ ဒီနေ့လည်း သေနတ်အပစ်ခံရတဲ့အခါကျတော့ မြို့သူမြို့သားတွေက တော်တော်လေးထိတ်လန့်တုန်လှုပ် ခြောက်ခြားနေကြတဲ့ အခြေအနေရှိတယ်"

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က နမ့်စန်မြို့နယ ်ရဲတပ်ဖွဲ့စခန်းကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်မှူးက ပြစ်မှုကျူးလွန်သူတွေ ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

ရှမ်းပြည်နယ်တစ်ခုလုံးမှာ မတ်ကျန်းဌာနေ ပြည်သူ့စစ်အဖွဲ့အပါအဝင် ဌာနေပြည်သူ့စစ် အဖွဲ့ပေါင်း ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org