NDF ပါတီကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေကြေးထောက်ပံ့မှု ရှိမရှိ
နိုင်ငံရေးအင်အားစု အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာကို ပြသနိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ ရွေးကောက်ပွဲဝင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက တဆင့် ငွေကြေး ထောက်ပံ့ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
မြန်မာစစ်အစိုးရက အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Force (NDF) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ပြီးနောက် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း သတင်းထောက်များနှင့် တွေ့ဆုံနေပုံ ဖြစ်ပါသည်။ (Photo: AFP) (AFP) ဒီအကြောင်းနဲ့ ပတ်သက်ပြီး NDF ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကို RFA မှ ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။