လူ့အခွင့်အရေးတွေအတွက် စာရေးကြပါ
မြန်မာ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လန်ဒန် အခြေစိုက် Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးနဲ့ နယူးဇီလန်နိုင်ငံရောက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign New Zealand (BCNZ) အဖွဲ့တို့ ပူးပေါင်းပြီး “Write for Rights”- “မိမိ မွေးရာပါ လူ့အခွင့်အရေးအတွက် စာရေးကြပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတရပ်ကို Auckland နဲ့ Wellington မြို့တွေမှာ မနေ့က စတင်ခဲ့တယ်လို့ သိရပါတယ်။
-
2010-12-04 -
-
-
စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့တော် Aotea square ရင်ပြင်တွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: Tin Zaw Moe)
(Photo: Tin Zaw Moe)
Your browser doesn’t support HTML5 audio
လောလောဆယ် ပထမဦးဆုံး လှုပ်ရှားမှုအဖြစ် ခန္တီးအကျဉ်းထောင်မှာ ထောင်ဒဏ် ၈ နှစ်ခွဲ ကျခံနေရတဲ့ မစုစုနွေးနဲ့ ပူတာအိုထောင်မှာ ၃၅ နှစ် ကျခံနေရတဲ့ ကိုဇာဂနာ တို့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ BCNZ အဖွဲ့တာဝန်ခံ ကိုနိုင်ကိုကိုက RFA ကို ပြောပြခဲ့ပါတယ်။
အကြောင်းစုံကို အာအက်ဖ်အေ အဖွဲ့သား ဦးဘအောင်က စုစည်းတင်ပြထားပါတယ်။
စုစည်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |