ထောင်ပြောင်းရွေ့ရုံမက လွှတ်ပေးသင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ တောင်းဆို

ထိန်းသိမ်းခံထားရတဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တကွ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ရုံ မဟုတ်ဘဲ ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်ကြောင်း (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရေစီ အင်အားစုများ၏ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည်နေ့ ဖြစ်သော ၂ဝဝ၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပါဝင်ဆင်နွှဲနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ပါသည်။ (RFA)

မြန်မာအစိုးရက တောင်းဆိုထားတဲ့၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို အာဆီယံ ခေါင်းဆောင်တွေက ပေးအပ်လိုက်တာဟာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွှတ်ပေးလိမ့်မယ်ဆိုတဲ့ ယုံကြည် မျှော်လင့်ချက်ကြောင့် ဖြစ်ကြောင်း၊ အစိုးရအနေနဲ့ တည်ငြိမ်မှုကို အကြောင်းပြပြီး နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ထိန်းသိမ်း မထားသင့်တော့ကြောင်း (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။

ဦးသိန်းစိန် အစိုးရ အနေနဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးပြီး လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပြုဖို့သင့်တယ်လို့လည်း (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစိုးထွန်းက ပြောပါတယ်။

ကိုစိုးထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org