ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ မူကြမ်းကို ကန့်ကွက်

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းပါအချက်တွေကို သတင်းမီဒီယာသမားတွေအပါအဝင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက မတ်လ ၁၂ ရက် ဒီကနေ့မှာ အလုပ်ရုံဆွေးနွေးပွဲတခု ကျင်းပပြီး ကန့်ကွက်လိုက်ကြ ပါတယ်။

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းပါအချက်တွေကို သတင်းမီဒီယာသမားတွေအပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက မတ်လ ၁၂ ရက် ဒီကနေ့မှာ အလုပ်ရုံဆွေးနွေးပွဲတခုကျင်းပပြီး ကန့်ကွက်လိုက်ကြပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်မှာ အဖွဲ့အစည်းအတော်များများတွေ့ဆုံကြပြီး အဲဒီဥပေဒမူကြမ်းကို ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့ကြတာပါ။

မီဒီယာလုပ်ငန်းဆိုတာ အစိုးရကမလုပ်နိုင်တဲ့အလုပ်ကို လုပ်နေတာဖြစ်တဲ့အတွက် ဒီဥပဒေမူကြမ်းဟာ မီဒီယာအလုပ်တွေကို အတားအဆီးဖြစ်နေတယ်လို့ အဲဒီပွဲကို တက်ရောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ဆွေးနွေးခဲ့ပါတယ်။

မနက်ဖြန်ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဲဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ဒီကနေ့ ဆွေးနွေးပွဲကျင်းပတာလို့ တက်ရောက်သူတွေက ပြောပါတယ်။

ဒီကနေ့ ကန့်ကွက်ဆွေးနွေးပွဲကို သတင်းသမားများ လွတ်လပ်မှုကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများအဖွဲ့အစည်း (MJA)၊ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ (MJU)၊ သတင်းစာဆရာများကွန်ရက်၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ နိုင်ငံရေး အကျဉ်းသားများအဖွဲ့တို့က ပုဂ္ဂိုလ်တွေ တက်ရောက်ကြပါတယ်။

ဆွေးနွေးပွဲမှာ သတင်းသွားရောက်ယူခဲ့တဲ့ RFA သတင်းထောက် ကိုကျော်သူရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org