သမ္မတဦးဝင်းမြင့် နီပေါခရီးစဉ် လုံခြုံရေးတင်းကြပ်

နီပေါနိုင်ငံကိုရောက်ရှိနေတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နီပေါသမ္မတတို့ဟာ ဗုဒ္ဓရှင်တော် ဖွားတော်မူရာ လုမ္ဗဏီဥယျာဉ်ကို သီးခြားစီ သွားရောက်ကြမှာ ဖြစ်တဲ့အတွက် လုမ္ဗဏီမှာ လုံခြုံရေးတင်းကြပ် ထားပါတယ်။

စတုတ္ထအကြိမ်မြောက် ဘင်းစတက်ထိပ်သီးညီလာခံ တက်ရောက်ရန်အတွက် ၂ဝ၁၈ သြဂုတ်လ ၂၈ ရက်နေ့က နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ တြိဘူဗန်လေဆိပ်သို့ မြန်မာသမ္မတဦးဝင်းမြင့် ရောက်ရှိစဉ်။ (Photo: Prakash Mathema/AFP)

နီပေါနိုင်ငံကိုရောက်ရှိနေတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နီပေါသမ္မတတို့ဟာ ဗုဒ္ဓရှင်တော် ဖွားတော်မူရာ လုမ္ဗဏီဥယျာဉ်ကို သီးခြားစီ သွားရောက်ကြမှာ ဖြစ်တဲ့အတွက် လုမ္ဗဏီမှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုတို့ဟာ နီပေါသမ္မတ မစ္စစ် ဘီဒီယာ ဒေဗီဘန်ဒါရီရဲ့ဖိတ်ကြားချက်အရ နီပေါမှာကျင်းပမယ့် စတုတ္ထအကြိမ်မြောက် BIMSTEC ဘင်းစတက် (ခေါ်) ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံတွေ ရဲ့ညီလာခံ တက်ရောက်ဖို့နဲ့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ဖို့အတွက် မနေ့နေ့လည်ပိုင်းက ထွက်ခွာ ခဲ့တာပါ။

သမ္မတဦးဝင်းမြင့်က လုမ္ဗဏီဥယျာဉ်ကို မနက်ဖြန် သွားရောက်မှာဖြစ်ပြီး၊ နီပေါသမ္မတက စနေနေ့မှာ သွားရောက်မှာဖြစ်ပါတယ်။

ဘင်းစတက်ညီလာခံကို ခတ္တမန္ဒူမြို့မှာ သြဂုတ်လ ၃ဝ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org