နိုင်ငံတော်သမ္မတ ဦးထင်ကျော် သူရဦးတင်ဦး ကို သွားရောက် ကြည့်ရှု


2017.06.06
htinkyaw-meet-tinoo-620.jpg သမ္မတဦးထင်ကျော် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ကို ဇွန်လ ၆ ရက်နေ့မှာ သွားရောက်ကြည့်ရှပြီး ဆေးရုံမှ ပြန်လည်ထွက်ခွာစဉ်
Photo: Kyaw Zaw Win/RFA

ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေ အမြန်ဆုံးပြန်လည်ကောင်းမွန်လာမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

သမ္မတ ဦးထင်ကျော် နဲ့ ဇနီး ဒေါ်စုစုလွင် တို့က ဒီနေ့ ရန်ကုန်ဆေးရုံကြီးမှာ သွားရောက်ကြည့်ရှုပြီးနောက် သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့တာဖြစ်ပါတယ်။

"စိတ်ဓါတ်ကတော့ တော်တော်ကိုမာတယ်၊ ခြေထောက်လေးတွေလှုပ်ပြတယ်၊ လက်ကလေးတွေလှုပ်ပြတယ်၊ စကားပြောတာကတော့ တဖြည်းဖြည်းကောင်းလာပြီ၊ ဂရုတစိုက်သေချာတော့လုပ်ပေးရမှာပေါ့၊ ကောင်းမှာပါ"

သူရဦးတင်ဦးဟာ  မေလ ၁၇ ရက်နေ့ ညက သူရဲ့နေအိမ် ရေချိုးခန်း မှာချော်လဲပြီး ဦးခေါင်းထိခိုက်ဒဏ်ရာရကာ သတိမေ့မြောသွားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရာ ကနေ အခုချိန်မှာ နှလုံးကုသဆောင်မှာ ဆေးကုသမှု ဆက်လက် ခံယူနေရပါတယ်။ ဦးတင်ဦးဟာ လက်ရှိမှာ အပျော့စား အစားအစာတွေကို သုံးဆောင်နိုင်တဲ့အပြင် ၁၅ မိနစ်ခန့် မတ်တပ်ရပ်နိုင်တဲ့အထိ ကျန်းမာရေးတိုးတက် လာပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု ခဲ့ပြီး သူရဦး တင်ဦးရဲ့ကျန်းမာရေးဟာ တိုးတက်လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။