အကြမ်းဖက်မှုဖြစ်အောင် ဆူပူလှုံ့ဆော်သူတွေကို အရေးယူမည်

ရခိုင်ပြည်နယ်အရေးဖြစ်စဉ်တွေမှာ နောက်ကွယ်က ကြိုးကိုင်သူ၊လှုံဆော်သူတွေကို ပြည်သူတွေ အနေနဲ့ သိရှိပါက ဖော်ထုတ်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၂၆ ရက်နေ့ က မေတ္တာ ရပ်ခံလိုက်ပါတယ်။

ပြည်သူတွေ အနေနဲ့ ပဋိပက္ခဖြစ်စဉ် ကြီးထွားစေဖို့ ရည်ရွယ်ချက်နဲ့ အွန်လိုင်းစာမျက်နှာတွေမှာ လှုံဆော်တဲ့ ကိစ္စရပ်တွေ အပြင်၊အခြားသိရှိထားတဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ် သတင်းပေး စေလိုကြောင်း နိုင်ငံတော် သမ္မတရုံး၊ ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို အခုလိုပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့လည်း ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခဖြစ်စဉ်တွေကို ကြီးထွား အောင် ပြည်တွင်း၊ပြည်ပက သွေးထိုးလှုံဆော်နေသူတွေကို အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ရခိုင်ပြည်နယ် အတွင်းက ကျောက်ဖြူ၊မင်းပြား၊မြေပုံနဲ့မြောက်ဦး မြို့နယ် တို့မှာ ဖြစ်ပွားခဲ့တဲ့  ဆူပူအကြမ်းဖက်မှုတွေကြောင့် အောက်တိုဘာ ၂၄ ရက်နေ့အထိ သေဆုံးသူ (၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦးရှိပြီး၊ လူနေအိမ်  (၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အဦ (၈)ခု မီးလောင်ပျက်စီးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org