အာဆီယံ ဆွေးနွေးပွဲတွေအတွက် ဘက်စုံပြင်ဆင်

အာဆီယံ ဥက္ကဌ တာဝန်ရယူထား ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ တစ်နှစ်တာအတွင်း ကျင်းပမယ့် အစည်းအဝေးတွေ အတွက် ဘက်စုံပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

အာဆီယံ ဥက္ကဌ တာဝန်ရယူထားပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ တစ်နှစ်တာအတွင်းကျင်းပမယ့် အစည်းအဝေးတွေ အတွက် ဘက်စုံပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ပုဂံမြို့တွေမှာ ထိပ်သီးခေါင်းဆောင်များအဆင့် ဆွေးနွေးပွဲ၊ ဝန်ကြီးများ အဆင့် ဆွေးနွေးပွဲ၊ အဆင့်မြင့်အရာရှိကြီးများအဆင့် ဆွေးနွေးပွဲတွေအပါအဝင် အစည်းအဝေးပေါင်း (၃၀၀) ကျော်အတွက် နေထိုင်ရေး၊ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ သတင်းထုတ်ပြန်ရေး လုပ်ငန်းတွေအတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ဧည့်သည် ၃၀၀၀ လက်ခံနိုင်တဲ့ အစိုးရဧည့်ရိပ်သာမှာ အခန်းပေါင်း ၁၈၀၀ ကျော်စီစဉ်ထားသလို၊ ဟိုတယ် ၇၇ လုံးမှာ အခန်းပေါင်း ၄၀၀၀  ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ် ၁၅၀၀၀ တက်ရောက်မယ့် ဒေသဆိုင်ရာထိပ်သီးညီလာခံအတွက်ပါ ပြင်ဆင်နေပြီး၊ ထိပ်သီးညီလာခံအပါအဝင် ဆွေးနွေးပွဲအတော်များများကို နေပြည်တော်မှာရှိတဲ့ MICC မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ကျင်းပမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ပထမဆုံး လက်ခံကျင်းပတဲ့ အာဆီယံဆွေးနွေးပွဲတစ်ခုအဖြစ် လာမယ့် သောကြာနဲ့ စနေ၊ အခုလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ၆၂ နှစ်ကြိမ်မြောက် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းကော်မတီ ဆွေးနွေးပွဲကို နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org