မြန်မာမှာ PR စောသေးကြောင်း သီရိလင်္ကာသမ္မတဟောင်း ပြောဆို

မြန်မာနိုင်ငံမှာ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကျင့်သုံးဖို့ အချိန်စောလွန်းနေသေးတယ်လို့ မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိခဲ့တဲ့ သီရိလင်္ကာအမျိုးသမီး သမ္မတဟောင်း Chandrika Kumaratunga က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကျင့်သုံးဖို့ အချိန်စောလွန်းနေသေးတယ်လို့ မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိခဲ့တဲ့ သီရိလင်္ကာအမျိုးသမီး သမ္မတဟောင်း Chandrika Kumaratunga က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်မှာ တနင်္ဂနွေနေ့က တွေ့ဆုံစဉ်အတွင်း မစ္စ ချန်ဒရီကာ က ပြောကြားခဲ့တာပါ။

တွေ့ဆုံပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးတန်းခေါင်းဆောင်တွေ ပါဝင်ခဲ့ကြပြီး၊ ရွေးကောက်ပွဲ စနစ်တွေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အချိုးကျကိုယ်စားပြု စနစ်ကျင့်သုံးဖို့ အချိန်စောလွန်းနေသေးကြောင်း၊ ဒီစနစ်ဟာ မြန်မာပြည်သူတွေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် အကျိုးရှိမှာမဟုတ်ဘဲ၊ နိုင်ငံရေးပါတီတချို့ကိုသာ အကျိုးရှိစေမှာဖြစ်ကြောင်း သီရိလင်္ကာအမျိုးသမီး သမ္မတ ဟောင်း ချန်ဒရီကာ က ပြောဆိုခဲ့ကြောင်း သီရိလင်္ကာ သတင်းစာတွေက ဖော်ပြကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org