အကျဉ်းသားပေါ်တာအသုံးပြုမှု စစ်ရာဇဝတ်မှုတမျိုးဖြစ်

မြန်မာနိုင်ငံမှာ အစိုးရ ပြောင်းသွားတယ် ဆိုပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ရှိနေဆဲပဲလို့ လူ့အခွင့်အရေး အဖွဲ့တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

Human Rights Watch (HRW) လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ Karen Human Rights Group (KHRG)  ကရင် လူ့အခွင့်အရေး အဖွဲ့တို့က ပူးပေါင်း ပြုစုထားသော Dead Men Walking: Convict Porters on the Front Lines in Eastern Burma "သေလူတွေ လမ်းလျှောက်ခြင်း- မြန်မာနိုင်ငံ အရှေ့ခြမ်းက ရှေ့တန်း စစ်မျက်နှာတွေက အကျဉ်းသား ပေါ်တာများ"  အစီရင်ခံစာ မျက်နှာဖုံးပုံ ဖြစ်ပါသည်။
Human Rights Watch (HRW) လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ Karen Human Rights Group (KHRG) ကရင် လူ့အခွင့်အရေး အဖွဲ့တို့က ပူးပေါင်း ပြုစုထားသော Dead Men Walking: Convict Porters on the Front Lines in Eastern Burma "သေလူတွေ လမ်းလျှောက်ခြင်း- မြန်မာနိုင်ငံ အရှေ့ခြမ်းက ရှေ့တန်း စစ်မျက်နှာတွေက အကျဉ်းသား ပေါ်တာများ" အစီရင်ခံစာ မျက်နှာဖုံးပုံ ဖြစ်ပါသည်။ (RFA)

အန္တရာယ် ကြီးမားတဲ့ ရှေ့တန်း စစ်မျက်နှာ တွေမှာ အကျဉ်းသားတွေကို ပေါ်တာ အဖြစ် ခိုင်းစေနေတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အခြေအနေမျိုးပဲလို့ ထောက်ပြလိုက် ပါတယ်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ရှိတဲ့ FCCT နိုင်ငံခြား သတင်းထောက်များ အသင်းမှာ လုပ်တဲ့ မြန်မာ စစ်တပ်က အကျဉ်းသားတွေကို ပေါ်တာအဖြစ် အသုံးပြုနေကြောင်း ပြုစုထားတဲ့ အစီရင်ခံစာ အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ၊ Dead Men Walking: Convict Porters on the Front Lines in Eastern Burma- "သေလူတွေ လမ်းလျှောက်ခြင်း- မြန်မာနိုင်ငံ အရှေ့ခြမ်းက ရှေ့တန်း စစ်မျက်နှာတွေက အကျဉ်းသား ပေါ်တာများ" ဆိုတဲ့ အစီရင်ခံစာကို Human Rights Watch-HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ Karen Human Rights Group- KHRG ကရင် လူ့အခွင့်အရေး အဖွဲ့တို့က ပူးပေါင်း ပြုစုထား ပါတယ်။ HRW အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Elaine Pearson ကလည်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်းမှာလည်း စစ်တပ်က အရပ်သားတွေကို နှိပ်စက်နေတုန်းပဲလို့ ပြောပါတယ်။ တကယ် ပြောရရင် ရွေးကောက်ပွဲ ကျင်းပပြီးချိန်က စလို့ နိူင်ငံ မြောက်ပိုင်းက တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေ ပါတယ်။ အရပ်သားတွေ အပေါ် စစ်တပ်က ရက်ရက် စက်စက် ပြုမူနေတာ တစက်ကလေးမှ ပြောင်းလဲသွားတာ မရှိပါဘူးလို့ Mr. Pearson က ပြောပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေ အတွင်း ထိုင်းနိုင်ငံဘက် ထွက်ပြေး လွတ်မြောက်လာတဲ့ အကျဉ်းသား ပေါ်တာ ၅၈ ယောက်ကို ဒီ လူ့အခွင့်အရေး နှစ်ဖွဲ့က တွေ့ဆုံ မေးမြန်းထားတာတွေကို အခြေခံပြီး အစီရင်ခံစာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဗန်ကောက်မြို့မှာ ရောက်နေတဲ့ RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က စုစည်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

0:00 / 0:00