မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း စစ်ပွဲတွေရပ်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ဗာတီကန်တွင် ဆုတောင်းပေးနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
ဗာတီကန်တွင် ဆုတောင်းပေးနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Reuters Photo)

မြန်မာ၊ ယူကရိန်း၊ ပါလက်စတိုင်းနဲ့ တောင်ဆူဒန်အပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ စစ်ပွဲတွေရပ်ဖို့ နိုဝင်ဘာ ၃ ရက်နေ့က ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။

စစ်ပွဲတွေရပ်ပြီး စစ်လက်နက်တွေနေရာမှာ ဆွေးနွေးညှိနှိုင်းမှုနဲ့အစားထိုး အဖြေရှာကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းတယ်လို့ ပြင်သစ် အခြေစိုက် Aleteia သတင်းမှာဖော်ပြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့သလို ဗာတီကန်မှာ ခိုလှုံနေထိုင်ခွင့်အတွက် အဆိုပြုထားပါတယ်။

အခုနှစ် ဖေဖော်ဝါရီလကလည်း မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ဆေးဝါးကုသခွင့် မရသူတွေအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မကြာခဏ ဆုတောင်းပေးလေ့ရှိပါတယ်။