ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နဒစ် ကွယ်လွန်

ပုပ်ရဟန်းမင်းကြီး Benedict XVI သည် ဗာတီကန်ရှိ စိန့်ပီတာဗလီကာ၏ လသာဆောင်မှ ရိုးရာခရစ္စမတ် ကောင်းချီးမင်္ဂလာပေးတာကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေတွင် တွေ့ရစဉ်။
ပုပ်ရဟန်းမင်းကြီး Benedict XVI သည် ဗာတီကန်ရှိ စိန့်ပီတာဗလီကာ၏ လသာဆောင်မှ ရိုးရာခရစ္စမတ် ကောင်းချီးမင်္ဂလာပေးတာကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေတွင် တွေ့ရစဉ်။ (AFP)

ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နဒစ် ၁၆ ဟာ ဗာတီကန်မြို့က သူ့ရဲ့နေအိမ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ကွယ်လွန်သွားပါတယ်။ သူဟာ ကျန်းမာရေးမကောင်းတဲ့အတွက် ပုပ်ရဟန်းမင်းကြီးရာထူးက အနားယူခဲ့တာ ဆယ်စုနစ်တစ်ခု ရှိခဲ့ပြီဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိပြီဖြစ်ပါတယ်။

သူဟာ ၂ဝဝ၅ ခုနှစ်မှာ ပုပ်ရဟန်းတာဝန် စယူခဲ့ပြီး ကက်သလက်ဘုရားကျောင်းကို ၈ နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ပုပ်ရဟန်းမင်းလက်ထက် ကက်သလစ်ဘုရားကျောင်းတွေက ခရာစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ ကလေးသူငယ်အေပါ် မတရားပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး တရားစွဲမှုတွေ တိုင်ကြားမှုတွေကို လက်ခံဖြေရှင်းခဲ့ရပါတယ်။ သူ့ရဲ့ ရုပ်ကလာပ်ကို ဂါရဝပြုနိုင်ဖို့ ဗာတီကန်က စိန့်ပီတာ ဘုရားကျောင်းမှာ ဇန်နဝါရီ ၂ ရက်နေ့ စတင်ထားရှိမယ်လို့ ဆိုပါတယ်။