ပုဏ္ဏားကျွန်းမှာ လှေနစ်မြုပ် လို့ ကျောင်းသား ၇ ဦး သေဆုံး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂန့်ဂါကျေးရွာကနေ မြစ်ကိုဖြတ်ပြီး ပိုးရှီပြင်ကျေးရွာကို ကျောင်းသွားတက် တဲ့ လှေတစ်စီး မနေ့က နစ်မြုပ်ခဲ့ရာမှာ ကျောင်းသူ၊ ကျောင်း သား ၇ ဦး သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂန့်ဂါကျေးရွာက ရေနပ်မြုပ်သေဆုံးခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ ရုပ်အလောင်းကို မီးသဂြိုဟ်စဉ် Photo: ပိုးရွှီပြင် မဟာမိတ် လူမူရေးအသင်း(Facebook)

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂန့်ဂါကျေးရွာကနေ မြစ်ကိုဖြတ်ပြီး ပိုးရှီပြင်ကျေးရွာကို ကျောင်းသွားတက်တဲ့ လှေ တစ်စီး မနေ့က နစ်မြုပ်ခဲ့ရာမှာ ကျောင်းသူ၊ ကျောင်းသား ၇ ဦး သေဆုံးခဲ့ပါတယ်

မနေ့ကနေ့လည်ပိုင်းမှာ ကျောင်းဆင်းပြီး ရွာကိုအပြန်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူနိုင်ခဲ့တယ်လို့ ပိုးရှီပြင်ကျေးရွာက ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးမောင်ကျန်လှ က ပြောပါတယ်။

"လှေက လူ ၂၅ ယောက်လောက်ပဲ တင်နိုင်တဲ့လှေပါ၊ တခါတည်း ကျောင်းသား ၃၅ ယောက်တင်တာ ရေဝင်ပြီး နစ်မြုပ်သွားတာပေါ့၊ ကယ်လို့ရတာ ၂၈ ယောက်ပြန်ရတယ်၊ မြုပ်တာက ၇ ယောက်မြုပ်တယ်၊ မိန်းကလေးက ၆ ယောက်၊ ယောကျ်ားလေးက ၁ ယောက်၊ အလောင်းတွေကရပါပြီ မိန်းကလေးအလောင်းတွေက မီးသဂြိုဟ်ပြီးပြီ၊ ယောကျ်ားလေးအလောင်းက အခုမှရတာ"

ဂန့်ဂါကျေးရွာမှာ မူလတန်းကျောင်းသာရှိတာကြောင့် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေ ဟာ မြစ်တစ်ဘက်ကမ်းက အထက်တန်းကျောင်းရှိတဲ့ ပိုးရှီပြင်ကျေးရွာကို လှေနဲ့ကူးပြီး ကျောင်းတက်ကြရ တာ ဖြစ်ပါတယ်။

မနေ့က သေဆုံးသွားသူတွေဟာ ၇ တန်း၊ ၈ တန်း နဲ့ ၉ တန်း ကျောင်းသား ကျောင်းသူတွေဖြစ်တယ်လို့ ကျောင်းသား မိဘတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရ စည်ပင်ဝန်ကြီး ဦးမင်းအောင်နဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ တို့ဟာ ပိုးရှီပြင်ကျေးရွာကို ဒီနေ့ သွားရောက်ပြီး သေဆုံးသွားတဲ့ ကျောင်းသူတစ်ဦးစီအတွက် မိသားစုတစ်စုစီကို ငွေကျပ် ၆ သိန်းစီလှူဒါန်း ခဲ့သလို ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကလည်း ငွေကျပ် ၁ သိန်းစီ လှူဒါန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org