၈၈မျိုးဆက် နိုင်ငံရေးအကျဉ်းသားတဦး ဆေးကုသခွင့်မရ

၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး အောက်တိုဘာလအတွင်း ရန်ကုန် ဒဂုံစင်တာရှေ့မှာ အဖမ်းခံခဲ့ရတဲ့ ရခိုင်လူငယ် ကိုတင်ထူးအောင်ဟာ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်မှာ ခါးနာဝေဒနာ ခံစားနေရသလို ခေါင်းပေါ်မှာလည်း ထောင်တွင်း အရေပြားရောဂါ စွဲကပ်နေပြီး ဆေးရုံတက် ကုသဖို့ လိုအပ်နေပေမယ့် ထောင်အာဏာပိုင်တွေက ဘာမှလုပ်မပေးဘဲ လအတန်ကြာ ဒီအတိုင်း ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ပုံနှိပ်ဥပဒေ အပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ လဝက ဥပဒေ၊ မတရားအသင်း ဆက်သွယ်မှုဥပဒေ စတဲ့ ဥပဒေ ပုဒ်မ (၅) ခုနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ် ၃၃ နှစ် ကျခံနေရသူ ကိုတင်ထူးအောင်ရဲ့ ခန္တီးထောင်တွင်း နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org